Monday, December 29, 2008

If........

အကယ်၍
မင်းအသိုင်းဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး....ဒါတွေဟာ မင့်ကြောင့်လို့ဝိုင်းဝန်းပြစ်တင်ကြတဲံ့အခါမင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင်

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ...သူတို့ကိုနားလည်စွာ ခွင့်လွတ်ရင်းနဲ့....
မင်းကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်

အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနှိုင်မယ်ဆိုရင်
ဒါမှမဟုတ်
နင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်

ဒါမှမဟုတ်
မင်းကိုလူတကာမုန်းတီးတဲ့အခါ မင်းဟာအမုန်မပွားဘူးဆိုရင်

ပြီးတော့
မင်းကိုမင်းလူတော်တစ်ယောက်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်းမလွန်ဆန်ဘူးဆိုရင်

အကယ်၍
စိတ်ကူးရင်အိပ်မက်တွေဟာ မင်အပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ မျှော်မှန်းချှက်သက်သက်မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍
်ူအောင်မြင်သုခနှင့်ဝေဒနာတွေကိုကြုံ၇တဲ့အခါ တူညီသောလောကဓံတရား တွေပါလားလို့ ယူဆနိုင်မယ်ဆိုရင်

အကယ်၍
မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ခြောက်ဆင်တဲ့အခါ မင်းဟာတည်ငြိမ်စွာနဲ့ နားထောင်နိုင်မယ်ဆို၇င်

ဒါမှမဟုတ်
မင်းဘ၀တခုလုံးပေးပြီး အရိပ်တကြည်ြ့ကည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို ဖျက်ဆီးခံရပြီးနောက်မှာ
မင်းဟာတည်ငြိမ်စွာနှင့်ရင်ဆိုင်နိုင်မယ်ဆို၇င်

No comments: